Saturday, November 19, 2016

မြတ်ဗုဒ္ဓ၏ အဆုံးအမများ

မြတ်ဗုဒ္ဓ၏ အဆုံးအမများ

Teaching of the Buddha

=========

၀၀၀၀၁ ။

အပ္ပမာဒေါ အမတ ပဒံ ၊ ပမာဒေါ မစ္စုနော ပဒံ ။

အပ္ပမတ္တာ န မီ ယန္တိ ၊ ယေ ပမတ္တာ ယထာ မတာ ။

( ဓမ္မပဒ ပါဠိတော် -၂၁ )

၀၀၀၀၁ ။

ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်းသည်

သေခြင်းကင်းရာ နိဗ္ဗာန်သို့

ရောက်ကြောင်း ဖြစ်၏ ၊

ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းသည်

ပူပန်ဆင်းရဲ အဖန်တစ်လဲလဲ သေရခြင်း၏

အကြောင်းဖြစ်၏ ၊

ကုသိုလ်ကောင်းမှု၌ မမေ့မလျော့သော သူတို့သည်

မသေရာ နိဗ္ဗာန်သို့ ရောက်ကြမည် ဖြစ်သောကြောင့်

မသေသော သူများဖြစ်ကြ၏ ၊

ကုသိုလ်ကောင်းမှု၌ မေ့လျော့သော သူတို့သည်

အသက်ရှင်လျက် ရှိကြသော်လည်း

အဖန်တစ်လဲလဲ

သေကြရဦးမည် ဖြစ်သောကြောင့်

သေသောသူများ

ဖြစ်ကြ၏ ။

00001.

Heedfulness is the path to the Deathless.

Heedlessness is the path to death.

The heedfull die not.

The heedless are as if dead already.

( Dhamma pada -21 )

၀၀၀၀၂ ။

သဗ္ဗပါပဿ အကရဏံ ၊ ကုသလဿ သပသမ္ပဒါ ။

သစိတ္တပရိယောဒပနံ ၊ ဧတံ ဗုဒ္ဓါန သာသနံ ။

( ဓမ္မပဒ ပါဠိတော် -၁၈၃ )

၀၀၀၀၂ ။

မကောင်းမှု အကုသိုလ် ဟူသမျှကို မပြုရာ ၊

ကောင်းမှု ကုသိုလ်နှင့် ပြည့်စုံစေရာ၏ ၊

မိမိ စိတ်ကို ဖြူစင်စေရာ၏ ၊

ဤသည်ကား ဗုဒ္ဓဘုရားရှင်တို့၏

အဆုံးအမတည်း ။

00002 .

To avoid all evil,

to cultivate good,

and to cleanse one's mind-

this is the teaching of the Buddhas.

( Dhamma pada-183 )

၀၀၀၀၃ ။ 

ယာဝဇီဝမ္ပိ စေ ဗာလော ၊ ပဏ္ဍိတံ ပယိရုပါသတိ ။
       
န သော ဓမ္မံ ၀ိဇာနာတိ ၊ ဒမ္ဗီ သူပရသံ ယထာ ။

( ဓမ္မပဒ ပါဠိတော်- ၆၄ )

၀၀၀၀၃ ။

ဟင်းမွှေသော ယောက်မသည်
         
ကာလကြာမြင့်စွာ ဟင်းကိုမွှေသော်လည်း
         
ဟင်း၏အရသာကို မသိသကဲသို့
         
လူမိုက်သည် အသက်ရှည်သမျှ ကာလပတ်လုံး
         
ပညာရှိနှင့် အတူနေသော်လည်း
         
သူတော်ကောင်းတရားကို မသိပေ။

00003.

Though all his life a fool associates
       
with a wise man,
      
he no more comprehends
      
the Truth
      
than a spoon tastes the flavour of the soup.

( Dhamma pada parlitaw- 64 )

၀၀၀၀၄ ။

အယသာဝ မလံ သမုဋ္ဌိတံ ၊ တတုဋ္ဌာယ တမေ၀ ခါဒတိ ။
         
ဧ၀ံ အတိဓောနစာရိနံ ၊ သာနိ ကမ္မာနိ နယန္တိ ဒုဂ္ဂတိံ။
 
(ဓမ္မပဒ ပါဠိတော် -၂၄၀ )

၀၀၀၀၄ ။

သံချေးသည် သံမှပင်ဖြစ်လာကာ
         
သံချေးတက်ပြီးလျင် သံကိုပင် ပြန်စားသကဲသို့
        
မိမိ၏ မကောင်းမှုတို့သည်ပင်လျင်
      
မကောင်းမှုကျူးလွန်သောသူကို
      
မကောင်းသောဘ၀သို့ ဆောင်ကုန်၏ ။

00004.

Just as rust arising from iron
       
eats away the base from which it arises,
      
even so,
       
their own deeds lead transgressors
      
to states of woe.
  
( Dhamma pada parlitaw -240 )

No comments:

Post a Comment